Tuesday, May 2, 2017

https://www.facebook.com/khin.kyithar
မောင်ငယ်တစ်ယောက် တိုးပြန်ပြီ
***************************

ချင်းပြည်နယ် ပလက်ဝမြို့ မောင်ရွာက ၈ တန်းကျောင်းသားလေး မောင်မောင်ထွေးကို တောင်တွင်းကြီးမြို့က ထူးချွန်ဘော်ဒါကို ပို့ခဲ့ပြီ။

ထူးချွန်ဘော်ဒါမှာ မြိုင်တောင်တန်းက ကိုကိုမောင်နဲ့ အောင်စိုးလင်းကို ပို့ထားပြီးဖြစ်လို့ အဖော်လည်းရအောင် တောင်တွင်းကြီးကိုပဲ မောင်မောင်ထွေးကို ပို့ခဲ့တယ်။

နဂိုကတည်းက စာပေထူးချွန်သူ၊ အပြင်စာ ဖတ်ဖို့ရာ အမြဲအားသန်ခဲ့သူမို့ မြန်မာစကားကို ရေလည်နေတဲ့အပြင် ဆရာဝန်ဖြစ်ချင်ခဲ့သူပါတဲ့။

ဘော်ဒါက ပညာသင်စရိတ်အပြည့်ဝ ထောက်ပံ့ပေးမယ်ဆိုပေမယ့် ကလေးတစ်ယောက်ကို ကျောင်းထားပေးချင်တာကြောင့် တစ်ဝက်သာလျှင် ထောက်ပံ့ပေးဖို့ ညှိနှိုင်းခဲ့ပြီး ကျန်တစ်ဝက်ကိုတော့ ကိုယ့်လခလေးတွေ ထုတ်ပေးခဲ့တယ်။

ကလေးငယ်တွေကို ပညာတတ်စေပြီး ဒေသကို ပြန်ဦးဆောင်စေချင်တဲ့ ရည်ရွယ်ချက်တူနေတဲ့ မောင်ရွာက သာသနာပြုတာဝန်ကျနေတဲ့ စလင်းက ဦးခေမာစာရနဲ့ ပူးပေါင်းလို့ လေးမြို့မြစ်ကြောင်းတစ်လျှောက်က ကလေးငယ်တွေရဲ့ ပညာရေးကို နိုင်ရာ ကူညီပါဦးမယ်။

ကိုယ်က ဘာမှမဟုတ်ခဲ့ပေမယ့် ပန်းပွင့်လေးတွေ အနာစာ ကင်းကင်း ဖူးပွင့်ရှင်သန်နေတာကိုတော့ ကြည့်ချင်တဲ့သူ၊ ပန်းပွင့်လေးတွေ လှပဖို့ အတတ်နိုင်ဆုံး ကူညီခွင့်ရလိုသူ၊ တောပန်းပွင့်လေးတွေကိုမှ မြတ်နိုးတတ်သူပါ။

ခင်နှင်းကြည်သာ
၀၂-၀၅-၂၀၁၇

Cd
ကိုကိုမောင်တစ်ယောက်တော့ ဒီနှစ် ၈ တန်းတက်ပြီး စကားတွေရေလည်လာသလို ဆုတွေလဲ ရလာတဲ့အထိ တော်လာပြီ။
အောင်စိုးလင်းကတော့ ၆ တန်းရောက်ပြီ။ အစကတော့ စာမကြိုးစားလို့ စိတ်ပူရပေမဲ့ အခုတော့ A အဆင့်နဲ့အောင်တဲ့ ဘာသာအချို့တောင် ရှိလာပြီ။

အင်္ကျီအမည်းလေးနဲ့ကတော့ မောင်မောင်ထွေးပါ။ လေးတူချင်းလူမျိုးပါ။ ခရီးဝေးတာကြောင့် နွေကျောင်းပိတ်မှ အိမ်ပြန်ရမယ် ဆိုတာတောင် ရတယ် မပြန်ပဲ စာပဲ ဆက်ကြိုးစားမယ်တဲ့။
ဆရာမ ဒေါက်တာစိုးနန္ဒာထက်ပါ။ ကလေးတွေရဲ့ ပညာရေးကို အမြဲကူညီပေး စောင့်ကြပ်ပေးပါတယ်။ ကျောက်ရိုင်းပုံဖော်ကျွမ်းကျင်သူမို့ ကလေးတွေအရောင်တောက်လာပါတယ်။

CD


No comments:

Post a Comment

ဒေါက်တာအောင်ခင်ဆင့် ဖို မ ဆက်ဆံရေး http://adf.ly/1mS1Bf