Tuesday, May 2, 2017

လူငယ်နှင့်ယုံကြည်မှု
****************
ဒီနေ့သွားဖြစ်တဲ့ စကားဝိုင်းခေါင်းစဉ်လေးပါ ကိုဝေဖြိုးဦးနဲ့ချမ်းသီရိတို့ပူးပေါင်းစီစဉ်ကြတဲ့ပွဲပါ အဓိကဆွေးနွေးပေးတဲ့ပင်တိုင်တွေကတော့ အမခင်နှင်းကြည်သာနဲ့အမရှင်ဒေဝီပါ
ဒါကခေါင်းစဉ်နဲ့ပွဲလေးကိုမိတ်ဆက်တာ

ဒီနေ့သွားခဲ့တဲ့လူငယ်စကားဝိုင်းလေး
အပြန်အလှန်ဆွေးနွေးပွဲတစ်ခုမှာ ကိုယ်ဘာတွေရသွားသလဲ

ယုံကြည်မှုတွေအကြောင်း ဗုဒ္ဓကိုယုံတယ်လို့ရိုးရှင်းစွာနဲ့အမခင်နှင်းကဖြေသလို ကိုယ့်ကိုယ်ကိုယုံကြည်ဖို့လိုတယ်လို့ အမရှင်ဒေဝီကဖြေသွားတယ်

ယုံကြည်မှုပျောက်ဆုံးရင်ဘာလုပ်မလဲ
ယုံကြည်မှုဆိုတာပျောက်တဲ့အချိန်ရှိမှာပါ အဲ့ဒီအခါကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ဖို့လိုအပ်တယ် မှားခဲ့ရင်လည်းအမှန်တရားကိုပြင်ဖို့လိုအပ်တယ်လို့ အမတွေကဖြေသွားတယ်
ပြန်ဆန်းစစ်ပါ ဆိုတဲ့စကားက အတိုဆုံးနဲ့အထိရောက်ဆုံးလို့ ဒီစကားဝိုင်းလေးကရလိုက်တယ်

ယုံကြည်မှုလွန်ကဲရင်ရောဘယ်လိုလုပ်ရမလဲ
ယုံကြည်မှုလွန်ကဲရင် မိတ်ဆွေစစ်တွေကထိန်းပေးနိုင်ပါတယ် အဲ့ဒီလိုမိတ်ဆွေစစ်တွေကိုရှာဖွေထားရမယ် ကိုယ်အမြဲတမ်းတိုင်ပင်တဲ့မိတ်ဆွေတစ်ယောက်တော့ရှိသင့်တယ် ယုံကြည်မှုလွန်ကဲလာရင်အထီးကျန်တတ်တဲ့အတွက်ကိုယ်ဟာအမြဲမိတ်ဆွေတွေရဲ့စကားကိုနားထောင်ဖို့လိုတယ်

လူကြီးနဲ့လူငယ်ကွာဟချက်ကိုဘယ်လိုလုပ်ရမလဲ
တချို့လူကြီးတွေလူငယ်တွေရဲ့စိတ်ကူးအိမ်မက်တွေကိုနားမလည်တဲ့အခါလုပ်ဖို့အခွင့်အလမ်းမပေးတဲ့အခါဖြစ်တတ်တဲ့ပြသနာပါ
ဘယ်လိုဖြေရှင်းမလဲဆိုတော့ လူကြီးတွေကိုတစ်ဆင့်ချင်းနားလည်အောင်ပြောရမယ်
ကိုယ်ပြောခဲ့တဲ့အတိုင်းကိုယ်ဖြစ်အောင် ကြိုးစားပြီးလုပ်ဆောင်ရမယ် ကိုယ့်စကားအတိုင်းကိုယ်ဟာတော်နေထက်နေရမယ်

အမကြည်သာလုပ်နေတဲ့ပရဟိတဆိုတာ

လှူနေတာထက်ကိုနိုင်ငံကိုကူညီချင်တာ ပါတဲ့

ပရဟိတလုပ်နေတဲ့ကျောင်းသားတွေကိုမှာချင်တာက ကိုယ်ကတော်နေမှကိုယ့်ကိုအားကျနေတဲ့ဒေသကကလေးတွေအတွက်အထောက်အကူဖြစ်မှာမို့ကိုယ့်ကိုယ်ကိုအမြဲတော်အောင်ပြုစုနေရမယ်

လူငယ်နဲ့ပညာရေး
ပရဟိတလုပ်လို့ကျောင်းပျက်တယ် စာမေးပွဲကျမယ်ဆိုကိုယ့်လုပ်ရပ်ကမှန်နေမလားပြန်စဉ်းစားပါ
မမှန်ရင်တော့ပြင်သင့်ပါတယ်

လူငယ်နဲ့ကျရှုံးခြင်း
လူငယ်တွေကျရှုံးတဲ့အခါ အမကြည်သာအားကျရတဲ့ဂျပန်စကားပုံလေးကိုဝေမျှပါရစေ
ခုနှစ်ခါလဲရင် ရှစ်ခါပြန်ထပါ

အက်ဒီဆင်ဟာအောင်မြင်ဖို့အတွက်၉၉၉ ကြိမ်ကျရှုံးဖူးတယ် အက်ဒီဆင်လိုအောင်မြင်ချင်ရင်အက်ဒီဆင်လိုအရှုံးခံနိုင်ရမယ် ကိုယ့်မှာအရှုံးခံနိုင်မယ့်သတ္တိရှိဖို့ပဲလိုအပ်တယ်

လူငယ်နဲ့အချစ်
ကိုယ်ချစ်နေတဲ့လူအတွက်ရောကို့အတွက်ရောဘဝကိုတိုးတက်မှုမရှိတဲ့အချစ်တစ်ခုဟာရေရှည်လက်တွဲဖို့မဖြစ်ပါဘူး
သူတိုးတက်ပြီးကိုယ်ကျရှုံးရင်
ကိုယ်တိုးတက်ပြီးသူကျရှုံးရင်
နှစ်ယောက်စလုံးကျရှုံးနေရင်
ဒီလက်တွဲဖော်ကကိုယ်အတွက်သင့်တော်မလားပြန်စဉ်စားဖို့လိုနေပါပြီ

ပြောမကုန်အောင်အသိဥာဏ်ရသွားတဲ့စကားဝိုင်းလေးပါကိုယ်မှတ်မိသလောက် ကိုယ့်အာဘော်နဲ့ရေးတဲ့အတွက်အမှားတစ်စုံတစ်ရာရှိရင်ခင်ခင့်အမှားပါလို့ကြိုတောင်းပန်ပါရစေ

Photo by Ko Min Ko Ko

No comments:

Post a Comment

ဒေါက်တာအောင်ခင်ဆင့် ဖို မ ဆက်ဆံရေး http://adf.ly/1mS1Bf